စာချစ်သူအတွက် စာလက်ဆောင်

  • Home
  • /
  • စာချစ်သူအတွက် စာလက်ဆောင်
  • 25
    Feb

    စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ငွေတာရီမဂ္ဂဇင်း(ဝတ္ထုတို)   ဝါလစ်   ညနေရေခပ်ဆင်းချိန် ဝါလစ်ရဲ့ အသံကုန်ခြစ်ပြီးအော်လိုက်တဲ့အသံကြောင့်   ဝိုင်းထဲကလူတွေ ကျွန်တော်တို့အိမ်ဆီ အထိတ်တလန့် ပြေးလာကြတယ်။ ဘာပါလိမ့်ပေါ့။ “အမယ်လေး အော်လိုက်တဲ့ဝက်ကွာ၊ ငယ်သံကိုပါရော”   ကိုမိုးသူရဲ့ချီးကျူးစကား။   “ဝက်အပေါက်အဆက်လေးကတော့ မဆိုးဘူး၊ ဘယ်လောက်ပေးရလဲ အစ်ကိုကြီး”   ကိုလှကဲက ဝက်ပေါက်လေးကိုကြည့်ပြီး ပြုံးနေတဲ့အဖေ့ကိုမေးတယ်။...

    Read More
  • 28
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

    တစ်ပွင့်ကြွေ၍ တစ်တောလုံးမွှေးခဲ့သည် စမ်းချောင်းကလေးထဲမှာ ရေတွေက တသွင်သွင်စီးဆင်းနေကြသည်။ ဟိုချင်းတောင်ပေါ်က မြစ်ဖျားခံပြီး စီးဆင်းခဲ့လို့ထင်ပါရဲ့၊ အေးချမ်းခြင်းသင်္ကေတနှင့် တငြိမ့်ငြိမ့်ကြည်လင်တောက်ပနေ၏။ မှိုင်း ဝေအုံ့ဆိုင်းနေသောမြူခိုးများက ‘‘ဆောင်းရာသီ ပူဇော်ခန်း’’လို တခမ်းတနားအလှဆင်ထားကြ၏။ ချင်းတောင်ထိပ်တစ်နေရာဆီက ငှက်ကလေးများ၏ သီချင်းဆိုလေ့ကျင့်နေကြသံများကိုလည်း တစ်စွန်းတစ်စကြားနေရသည်။ တောင်ဇလပ်ပန်းတွေကလည်း ဦးညွတ်ငြိမ်သက်စွာ ပွင့်ဖူးအသုံးတော် ခံနေကြဆဲ။ ************ ‘‘ဟေ့…ဘုန်းကြီး၊ နင် ဒီနေ့ ငါတို့ကို ဘာသင်ပေးမှာလဲ၊...

    Read More
  • 27
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

    ချစ်ဖူးချင်တယ်   “ဝမ်းရောင်…ဝမ်းရောင်…ဝမ်းရောင်… ဝမ်းရောင်”   ဒါဟာ လူနာတင်ကားရဲ့အော်သံ။ ကျုပ်ကတော့ ပက်လက်။ နားက ကြားတစ်ချက် မကြားတစ်ချက်နဲ့။ တစ်ခါတစ်ခါ လေတွေတောင်ထွက်နေသေး။ မျက်လုံးကတော့ လုံးဝကိုဖွင့်လို့မရဘူး။ ဒါပေမဲ့ ကားပေါ်မှာ ကျုပ်ပါသွားပြီဆိုတာ သိနေတယ်။ ဘေးနားက ကျုပ်ရင်ဘတ်ပေါ် လက်တင်ပြီး နားနားကပ် တတွတ်တွတ်ပြောနေတာ ကျုပ်သားပေါ့။   “အဖေ အသက်ကိုမှန်မှန်ရှူနော်၊...

    Read More
  • 23
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

    လုံ့လများစွာတို့အတွက် အားနာစွာဖြင့် (၁) “ကဲ… ဆရာ မင်းကို နောက်ဆုံးတစ်ခုပဲမေးမယ်၊ အခု ဒီစာမေးပွဲအောင်ရင် မင်းဆရာဝန်ဖြစ်တော့မယ်၊ ဖြစ်ပြီးရင် မင်းဘာလုပ်မလဲ…ပြော” အံ့အားသင့်စွာဖြင့် ပါမောက္ခကြီးမျက်နှာကိုတစ်လှည့်၊ မိမိရှေ့မှ စာဖြေဆေးကျောင်းသားကလေး၏မျက်နှာကိုတစ်လှည့် ကြည့်မိလိုက်သည်။ ရှေ့ကဖြေသွားသောအဖြေများအရ သည်ကျောင်းသား အောင်မည်မဟုတ်မှန်းကို တွဲဖက်စာစစ်ဆရာလုပ်လာသော သက်တမ်းမနည်းလှသဖြင့် ရိပ်မိသည်။ ပါမောက္ခကြီး သည်မေးခွန်းကို ဘာကြောင့်မေးမှန်းတော့ စဉ်းစားလို့မရ။ ဒီထက်ပို၍အံ့သြစရာကောင်းလှသည်က ကျောင်းသား၏အဖြေစကား။...

    Read More
  • 22
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ရသစာတမ်း)

    မမြင်ရသည်တို့သည် ဖောက်လှဲဖောက်ပြန်ဖြစ်တတ်ကြကုန်၏ ကိုယ်တိုင်က မီးရထားဝန်ထမ်းဆိုတော့ မီးရထားနှင့်ပဲဥပမာပေးပြီး မြင်သာထင်သာအောင် ပြောပြကြည့်ချင်ပါသည်။ ရထားတစ်စင်း ဘူတာ ၂ ခုကြားဖြစ်ဖြစ်၊ ဘူတာယာဒ်ဝင်းထဲမှာဖြစ်ဖြစ် တွဲလမ်းချော်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိသော မတော်တဆမှုပဲဖြစ်သည်။ ရထားတွဲ လမ်းချော်ပြီဆိုလျှင်ဖြင့် ဘူတာ ၂ ခုကြား လမ်းပိုင်းမှာ ရထားထိန်းဟုခေါ်သည့် ဂါတ်ဗိုလ်ကြီးက ရထားလမ်းချော်သည့်အခြေအနေဖြစ်သော မိုင်တိုင်ဘယ်လောက်နှင့် ဘယ်လောက်ကြား၊ ဘယ်တွဲက ဘယ်နှဘီး၊ သံလမ်းအပြင်ချော်ကျတာက...

    Read More
  • 21
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ကဗျာ)

    မေတ္တာရေစီး မရောက်သည်မှာ၊ ကြာတောင့်ကြာမှ မေတ္တာတစ်ပွေ့၊ ပြန်ဆုံတွေ့သည် အဖေ့အိမ်က ထမင်းဝိုင်း။   အဖေနှင့်သား၊ သည့်နှယ်များလျှင် စကားလက်ဆုံ၊ ဟင်းလက်ဆုံနှင့် မဆုံဖြစ်သည် ကြာလေပြီ။   ထမင်းဝိုင်းတွင်၊ လူစုံလင်တော့ ငယ်စဉ်ကာလ၊ ဟိုတုန်းကလို အားရပါးရ၊ စားစမ်းပါ့တဲ့ အဖဆိုလျက်၊ လက်သွက်သွက်ပင် သားတွက်ဆယ်ခပ် ဟင်းတစ်ဖတ်။   မေတ္တာအလေ့၊ ပန်းတစ်ပွေ့နှင့် အဖေ့နှယ်တွေး၊...

    Read More
  • 16
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ကဗျာ)

    မုတ်သုံလေအား ပြန်ကြားချက် တဟူးဟူးလျှင် ဦးလည်မသုန်၊ မာန်အဟုန်ဖြင့် သံစုံဟစ်ကျူး၊ တိုက်ခတ်မြူးသည် မြားဦးအသွင် မုတ်သုံရှင်။   အဏ္ဏဝါပင်လယ်၊ အပြောကျယ်၍ ကြောက်ဖွယ်ရေပြင်၊ ကမ်းမမြင်လည်း သင်လျှင်ကူးဖြတ် ကျော်ခဲ့ပြီ။   အားအင်ခိုင်ဖြီး၊ တောင်မြင့်ကြီးတို့ ဟန့်ဆီးမတ်မား၊ ကွယ်ကာငြားလည်း သင်ကားခုန်ဖြတ် ကျော်ခဲ့ပြီ။   တောအုပ်ညို့ညို့၊ မှိုင်းမှိုင်းမို့လျက် ဆိုင်းဆို့ဘယ်ညာ၊ ထပ်ထပ်ကာလည်း သင့်မှာတိုးဖြတ်...

    Read More
  • 14
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

    စောင်းသံကြိုက်တဲ့ကျွဲ လောကမှာ  မကောင်းတာကို မကောင်းမှန်းသိရက်နဲ့ ဖက်တွယ်ထားတဲ့လူလောက် မိုက်တဲ့သူရှိပါဦးမလား။ ရှိတယ်ဆိုရင်လည်း အဲဒီလူက အရူးပဲ။ ဒါဆိုရင် လူတွေက ဘာလို့သူ့ကို အရူးလို့ သမုတ်နေကြတာလဲ။ တစ်ခါတလေ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်တတ်တာပဲလေ . . .။ +++++++++++++++++++++++ ကျောင်းအားလပ်ရက်တစ်ခုမှာ ဝတ္ထုရေးဖို့ သူဇာတ်ကောင်ကို ဖန်တီးလိုက်တယ်။ သူ့ဇာတ်ကောင်က နယ်မြို့တစ်ခုရဲ့ အထက်တန်းက ကျောင်းဆရာလေးတစ်ယောက်။...

    Read More
  • 13
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)

    မီးသီးတစ်လုံး (၁) အိမ်ရှေ့ဆင်ဝင်အောက်တွင် မီးသီးဝါဝါကလေးက သူ့အရည်အသွေးကို အစွမ်းကုန်ညှစ်ထုတ်လျက် အလင်းများကို ဖြန့်ခင်းထားခဲ့သည်။ ကြည့်ရင်းကြည့်ရင်းနှင့် မီးသီးလေးက သူ့ကို ပြုံးပြနေသလိုလို ထင်လိုက်မိသည်။ ပါးပေါ်တွင် ကျဆင်းနေကြသောမျက်ရည်များက သူ၏စိတ်ခံစားချက်ကို အကောင်းဆုံးဖွင့်ဟပြနေခဲ့ကြသည်။ တကယ်ဆို မီးသီးလေးတစ်လုံးက စကားမပြောတတ်ပါ။ တကယ်ဆို မီးသီးလေးတစ်လုံးက ပြုံးမပြတတ်ပါ။ သို့သော် ထိုမီးသီးလေးတစ်လုံးထဲတွင် သူ၏ငယ်ဘဝအတိတ် တစ်ပိုင်းတစ်စကိုမြှုပ်နှံထားခဲ့သည်။ (၂) “အမေကလဲဗျာ...

    Read More
  • 10
    Jul

    စာချစ်သူအတွက် စာလက်ဆောင်(ရသစာတမ်း)

    ဖားဘောင်တောင်က လွမ်းရိပ်ညိုမှောင် မီးခိုးမထွက်သည့်စက်ရုံ။ ထိုဝေါဟာရစကားလုံးကို ကြားဖူးနားဝရှိသော်လည်း အသိအမြင်နုနယ်သေးသည့် ဘဝစာမျက်နှာကာလ၌ အဆိုပါဝေါဟာရ၏အနက် အဓိပ္ပာယ်နှင့်ဆိုလိုရင်းကို ကျွန်မ မသိခဲ့ရိုးအမှန်ပါ။ ကြည့်လေ စက်ရုံဟုလည်းဆိုသည်၊ မီးခိုးလည်းမထွက်ဟုဆိုတော့ ဘယ်လိုနားလည်ရမလဲ။ ကျွန်မတို့ပတ်ဝန်းကျင်ရှိ ဆန်စက်၊ သစ်စက်ကအစ စက်ရုံအားလုံးသည် မီးခိုးတလူလူထွက်သည့် စက်ရုံတွေသာဖြစ်ကြသည်။ မီးခိုးမထွက်သည့်စက်ရုံဟူ၍ ကျွန်မတစ်ခါမျှ မမြင်ဖူး၊ မတွေ့ဖူးတာအမှန်။ ဘဝလမ်းထဲဖြတ်သန်း၍ ခရီးအတော်အတန်ရောက်ခါမှ ထိုမီးခိုးမထွက်သည့်စက်ရုံသည် ခရီးသွားလာရေးလုပ်ငန်းကို...

    Read More
  • 1
  • 2