22
Sep

Facebook ပေါ်က ကျွန်တော့်အတွေးများ

စာအုပ်အမည်- Facebook ပေါ်က ကျွန်တော့်အတွေးများ

ရေးသူ- နေဇင်လတ်

ထုတ်ဝေသူ- မွန်မြတ်သူစာပေ

စာမျက်နှာ- ၁၉၇

တန်ဖိုး- ၄၀၀၀

ပို့ခ- ၁၀၀၀

 

စာရေးဆရာနေဇင်လတ်ရေးသားသော Facebook ပေါ်က ကျွန်တော့်အတွေးများစာအုပ်တွင် “နိုင်ငံရေးကဏ္ဍ(ပြည်တွင်း)”၊ “နိုင်ငံရေးကဏ္ဍ(ပြည်ပ)”၊ “စီမံခန့်ခွဲမှုနှင့် စီးပွားရေးကဏ္ဍ”၊ “အတွေးအမြင်ကဏ္ဍ”နှင့် “အထွေထွေကဏ္ဍ” ဟူ၍ ကဏ္ဍ ၅ ခုခွဲကာ ရေးသားထားပါသည်။

ဤစာအုပ်ပါ ဆောင်းပါးများကို စာရေးသူက နေ့အလိုက် မှတ်တမ်းဆောင်းပါးများသဖွယ် ရေးသားထားပါသည်။ ထို့ကြောင့် စာရှုသူများအနေဖြင့် အစဉ်အတိုင်းဖတ်ရှုမည်ဆိုလျှင် ပိုမိုရှင်းလင်းစွာ နားလည်သိမြင်နိုင်မည်ဖြစ်ပါသည်။

+++++

‘ဖြစ်ရပ်အားလုံးရဲ့ ရေသောက်မြစ်က “၂၀၂၀” မဲမသမာမှုပါ။ ဒီထက်ပိုပြောရရင် တပ်မတော်က ညှိနှိုင်းတာကို လက်မခံငြင်းပယ်သူက အားလုံးရဲ့ ပင်ရင်းပါပဲ။ တော်ရုံတိုက်ဆိုင်မှု နှစ်ခု၊ သုံးခုလောက်ဆိုရင်လဲ ကြိုးစားပြီးဖြည့်တွေးပေးလို့ရပါသေးတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အစိုးရကိုပဲဆန့်ကျင်တာကို အပြစ်လိုမမြင်ပါ။ နိုင်ငံနိမ့်ကျအောင် Sanction လုပ်ခိုင်းတာမျိုးမှာ သဘောမကျတော့ဘူး။ နောက်တစ်ခါ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုရင်လဲ မပြောချင်သေးပြန်ဘူး။ မက်ဒရင်း အောဘရိုက် ခိုင်းတာကို လိုက်လုပ်နေတာကျတော့ မဟုတ်တော့ဘူး။

အခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံခြားရေးဝန်ကြီးခိုင်းတာဟာ ဘယ်သူ့အတွက်ဖြစ်ပါသလဲ။ ဘွဲ့ကြီးကြီး ရစရာမလိုပါ။ အရွယ်တစ်ခုရလာရင် Logical Thinking ဆိုတာ အလိုအလျောက်တတ်လာရတဲ့ အတတ်ပညာဖြစ်ပါတယ်။’

(တရားခံဘယ်သူလဲ… မှ)

+++++

‘NWO- New World Order ဆိုတာ အရှေ့အလယ်ပိုင်းကို မီးလောင်တိုက်သွင်းပြီး အမေရိကန်တွေ ဆက်လက်ကြီးစိုးရေးကို အခြေခံရေးဆွဲထားတာပါ။ ဒါပေမဲ့ အိုဘားမားလက်ထက်မှာ တရုတ်နဲ့ရုရှား၊ အီရန်၊ မြောက်ကိုရီးယားတွေ အားသာသွားစေဖို့ဖြစ်လာတဲ့အတွက် မူလ NWO ဟာ တရုတ်စိတ်ကြိုက် NWO ဖြစ်လာစေဖို့ လမ်းခင်းပေးလိုက်သလိုဖြစ်လာခဲ့တယ်။

နိုင်ငံတစ်ခုမှာ ခေါင်းဆောင်ဟာ အင်မတန်အရေးကြီးတယ်။ မယုံရတဲ့၊ အလွန်ညံ့တဲ့ခေါင်းဆောင်မျိုးရခဲ့ရင် အနာဂတ် ရောင်းစားခံကြရတော့တာပါပဲ။’

(အိုဘားမား ဘယ်သူလဲ… မှ)

+++++

‘Normalcy ပြန်ရောက်ဖို့ အတော်လေးအချိန်ယူရလိမ့်အုံးမယ်လို့ တွက်ဆနိုင်တယ်။ ဟိုတယ်လုပ်ငန်း ရှိထားလေတော့ လုပ်ငန်းသဘာဝတွေကို Cash flow Financial Statement မမြင်ဘဲ ခန့်မှန်းနိုင်တယ်။ အရွယ်အစား၊ ဝန်နဲ့အားပဲ ကွာကြတာပါ။ သဘာဝတွေက အားလုံးတူကြပါတယ်။ မတည်ငြိမ်သမျှ ကာလပတ်လုံး ပြည်တွင်းစီးပွားရေးကျမယ်၊ နိုင်ငံတကာရော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပါ မလာတော့။ အဲဒီမှာ အဆိုးသံသရာဆိုတဲ့ Vicious Circle ထဲ တဝဲလည်လည်ဖြစ်မယ်။ ရှည်ကြာတာနဲ့အမျှ အစိုးရရဲ့ပုံရိပ်ကိုထိခိုက်စေပြီး အများရဲ့ယုံကြည်မှုကို ကျဆင်းစေမယ်။ ဆိုးကျိုးတွေကတော့ တန်းစီနေတာပဲ။ မြန်မာအတွက် ၂ဝ၂၁ ရဲ့ခန့်မှန်းချက်၊ ၂ဝ၂၂ ရဲ့ခန့်မှန်းချက်ကိုကြည့်ရင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ထိုင်းတို့နဲ့ အများကြီးကွာသွားတာတွေ့ရလိမ့်မယ်။ မြန်မာ့စီးပွားရေး အတော်ရုန်းရပါလိမ့်မယ်။ ။’

(ရုန်းရအုံးမဲ့ မြန်မာ့စီးပွားရေး… မှ)

+++++

‘… “ဝေဘူဆရာတော်ကြီး အဲဒီနှင်းဆီပန်းကို နင်းမိပါစေ၊ အဲဒီပန်း မကြွေရင် ဘာသာပြောင်းမယ်ဆိုပြီး စိတ်ထဲက အဓိဋ္ဌာန်လိုက်တာ”…

“ဝေဘူဆရာတော်ကြီးက မျက်လွှာချပြီး လျှောက်လမ်းက တဖြည်းဖြည်းလျှောက်လာတယ်၊ ကျွန်တော်လဲ မျက်တောင်မခတ်ဘဲ ဆရာတော်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေလိုက်တယ်ဗျာ”…

“ဆရာတော်ကြီးရဲ့ ညာခြေဖဝါးက နှင်းဆီဝါလေးအပေါ် ဖြည်းဖြည်းချင်းနင်းမိသွားတယ်၊ ပြီးတော့ ကျွန်တော့်ကို မျက်လွှာပင့်ပြီး ကြည့်လိုက်တယ်၊ ပြီးတော့ ဆရာတော်ကြီးက မျက်လွှာပြန်ချသွားတယ်၊ ဘယ်ဘက်ခြေကို လှမ်းလိုက်တဲ့အခါ ပန်းပွင့်ပေါ်က ညာခြေ ဖြည်းဖြည်း ချင်းကြွလာတယ်ပေါ့၊ ခြေဖဝါးအောက်က နှင်းဆီဝါပန်းပွင့်လေးဟာ…’

(International Meditation Center(IMC)… မှ)

+++++

‘… “လူကြီးတွေ အလေးပြုမဲ့ အာဇာနည်ကုန်း အဆောက်အအုံရဲ့ အစွန် ၂ ဖက်မှာ Manhole တစ်ခုစီရှိတယ်၊ အပေါ်တစ်ဖက်ကို ဆရာတစ်ယောက်စီ ကိုယ်တိုင်တက်ခိုင်းပါ၊ ဓာတ်မီးတစ်လက်စီပေးလိုက်၊ ထုပ်တန်းတွေ၊ Joint တွေကို သေချာဓာတ်မီးနဲ့ထိုးခိုင်းပါ၊ ဟိုဘက် ဒီဘက်ပေါက်အောင်နော်၊ လှေကားအတွက် ကိုယ်ကြိုစီစဉ်ထားတယ်၊ တက်ဖြစ်အောင်တော့ တက်ခိုင်းပါ၊ Explosion နဲ့ လူကြီးတွေကို တိုက်ရိုက်ထိခိုက်စေနိုင်တာက အဲဒီမမြင်ရတဲ့နေရာတစ်ခုပဲရှိတယ်”…’

“ကဲ.. ဆရာညွန့်လှိုင်၊ ကျွန်တော် ကမူပေါ်မှာ မိုင်းကို သက်မဲ့လုပ်မယ်၊ ရသလောက် ရှိတာနဲ့ ဖြည်းဖြည်းဖြတ်မယ်၊ အတွင်း Structure သိရသလောက်အထိပေါ့၊ ကြာချင်ကြာနိုင်တယ်၊ ခင်ဗျားတို့ကိုခိုင်းလို့ တစ်စုံတစ်ခု ချွတ်ချော်သွားရင် တပ်ချုပ်ကြီးသိချင်တာမသိရဘူးဖြစ်မှာစိုးလို့ ကျုပ်ကိုယ်တိုင်ပဲကိုင်မယ်၊ ကျုပ်လက်ထဲမှာဖြစ်ရင်တော့ ပွဲပြီးပြီ၊ အပေါ်တင်ပြလို့ကောင်းတာပေါ့…”

(အံ့ဩစရာကောင်းတဲ့ ကံတရား… မှ)

+++++

စာအုပ်ကြိုတင်မှာယူလိုပါက ဖုန်း- 09 420 208 616, 09 693 427 878

Viber- 09 400 000 890, 09 696 607 439, 09 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

 

စာအုပ်ဖိုးကြိုတင်လွှဲမည်ဆိုပါက-

K-Pay/ Wave-Pay Ph: No. 09 420 208 616 သို့ ကြိုတင်ပေးချေနိုင်ပါသည်။

 

Facebook ပေါ်က ကျွန်တော့်အတွေးများ