09
Feb

ရှည်လျားဆုံးသောခွာစစ်

စာအုပ်အမည်- ရှည်လျားဆုံးသောခွာစစ်

တန်ဖိုး- ၄၀၀၀

ပို့ခ- အခမဲ့

စာမျက်နှာ- ၂၅၇

ထုတ်ဝေသူ- မြဝတီစာပေတိုက်

 

ဒုတိယကမ္ဘာစစ်က မြန်မာနိုင်ငံကနေ အင်္ဂလိပ်တပ်တွေ ရှုံးနိမ့်ဆုတ်ခွာသွားခဲ့ရပုံတွေကို ရှည်လျားဆုံးသောခွာစစ်အနေနဲ့ အသေးစိတ် လေ့လာဖတ်ရှုကြရမှာဖြစ်ပါတယ်။ ဂျပန်တပ်တွေနဲ့ ဗြိတိသျှတပ်တွေ တိုက်ပွဲဖြစ်ပွားကြပုံ၊ ဗြိတိသျှတို့ရဲ့ မြန်မာပြည်စစ်ဌာနချုပ်အကြောင်း၊ စစ်တောင်းတံတားတိုက်ပွဲအကြောင်း၊ ရန်ကုန်မြို့တွင်း တိုက်ပွဲများအကြောင်း၊ ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်းရဲ့ ပြောင်မြောက်စွာခုခံခဲ့တဲ့ တိုက်ပွဲတွေအကြောင်း၊ တရုတ်တပ်တွေ စစ်ကူရောက်လာပုံ၊ ဗြိတိသျှတို့ရဲ့ ဆုံးရှုံးခဲ့ရမှုတွေအကြောင်း၊ ဗိုလ်ချုပ်ကြီး Joe Stilwell မြန်မာပြည်ကနေ ဆုတ်ခွာခဲ့ပုံ၊ နောက်ဆုံးမှာ ရည်မှန်းချက်ဖြစ်တဲ့ အိန္ဒိယကို ရောက်ရှိခဲ့ရပုံတွေကို သမိုင်းမှတ်တမ်းစုံစုံလင်လင်နဲ့ ဖတ်ရှုကြရမှာပါ။

သမိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ လက်ကမချစတမ်း ဖတ်ရှုကြရမဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းပါခင်ဗျာ။ ။

စာအုပ်မှာယူမယ်ဆိုရင်တော့-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။